နေပြည်တော်ကောင်စီနယ်မြေ

ဒက္ခိဏခရိုင်၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား

အရာထမ်း၊ အမှုထမ်းများ သတင်းရေးသားရာတွင် နည်းစနစ်မှန်ကန်စေရန်နှင့် လွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင်ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

ပညာရေးဝန်ကြီးဌာနနှင့်နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင် မြို့နယ်လေးမြို့နယ်စဉ်ဆက် ပညာရေး လုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကိုယမန်နေ့နံနက် ၈ နာရီတွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် နေပြည်တော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသွေးလှူရှင်များက စုပေါင်းသွေးလှူဒါန်းမှုကို နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးညီညီမင်း ကြည့်ရှုအားပေး

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြရာ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးညီညီမင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာ “လင်းရောင်ခြည်”စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် တဲမြင့်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ “လင်းရောင်ခြည်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ​ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦး၊ ဦးဟန်သူ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

ဇေယျာသီရိမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊  မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်စံအောင်ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေ‌ပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်‌တော်ကောင်စီဝင်များ၊ နေပြည်‌တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ တောင်သူ ဦးမောင်သင်၏ ပေါင်းစည်းလယ်ယာစိုက်ပျိုးထုတ်လုပ်မှုနှင့် မွေးမြူရေးခြံသို့ သွားရောက်၍ ခြံအတွင်း နို့စားနွား ၃၅ ကောင်၊ ဒေသနွား ၂၂ ကောင်၊ ဆိတ် ၆၅ ကောင်၊ ငါး၊ ဒေသကြက်၊နှင့် ဘဲများမွေးမြူထားရှိမှု၊ နွေစပါးစိုက်ပျိုးထားရှိမှုများနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ပုဗ္ဗသီရိမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဖြန့်ဝေပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိရပ်ကွက်၊ ရွှေသဇင်ဈေး၌ ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေ‌ပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်နှင့် ဥတ္တရသီရိမြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉  နာရီက ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ