လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာ၌ စပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရန်ရှောင်ရန် အချက်များ ပညာပေးဆွေးနွေး

လယ်ဝေး မေ ၂၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က  သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲသို့ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးစောဝင်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူ ၄၂ ဦး တက်ရောက်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် စိုက်ပျိူးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူးဦးစိုးနိုင်က စပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စပါးရိုင်းဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်အတွက် ဆောင်ရန်ရှောင်ရန် အချက်များ၊ အရည်အသွေးမြင့်မျိုးများ (ပေါ်ဆန်းမွှေး) ပြောင်းလဲစိုက်ပျိုးနိုင်ရေး ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

တုန်းရှော့ (လယ်ဝေး)