နေပြည်ဝောာ်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယ‌မန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်ဝောာ်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်‌ ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၊ ဆပ်ကော်မတီဝင် များ နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြား ရာတွင်  ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အောင်မြင်စွာပေးအပ်နိုင်ရေး အတွက်  သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆပ်ကော်မတီများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန်၊ ယခင် ပထမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် တွေ့ရှိခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို အတွေ့အကြုံယူကာ အကောင်းဆုံးပြင်ဆင်ထားရှိရန် လိုအပ်‌ကြောင်း၊ အခမ်းအနားပြင်ဆင်ခြင်း၊ ဧည့်သည်တော်များ ကြိုတင်နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ကိစ္စရပ်များအား လစ်ဟာမှုမရှိစေရေး စနစ်တကျ စီမံဆောင်ရွက်ရန် ဆပ်ကော်မတီအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့မှု အခြေအနေများအားရှင်းလင်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကော်မတီအလိုက် ဆက်လက်ဆောင်ရွက်မည့်အစီအမံ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)