တပ်ကုန်းမြို့နယ်၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

တပ်ကုန်း မေ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း  ရာဂိသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လမ်း၊ တံတားများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ ​ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးစီးဌာန အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်း​ဝေ၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦး​ကျော်​​ကျော်​ထွေး၊ ​ညွှန်ကြား​ရေးမှူး(မြို့ပြ) ​ဒေါ်​အေး​အေးဝင့်နှင့် တာဝန်ရှိသူများ ရာဂိသဘာဝ​ဘေးအန္တရာယ်​ကြောင့် ပျက်စီးသွား​သော လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း တပ်ကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်