နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်၌ မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသည့် လက်ပန်ကျေးရွာတွင်  သုံးရေ၊ ဆန်၊ ငွေနှင့် ပစ္စည်းစုံလှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသော လက်ပန်ကျေးရွာတွင် သုံးရေအဆင်ပြေစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဟိန်းအောင်ကျော်ကြီးကြပ်၍ မီးသတ်ရေသယ်ယာဉ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ ကျေးလက်ကျန်းမာရေးဆေးခန်းရှိ အုတ်ရေကန်နှင့်ရေစည်ပိုင် များတွင် ရေများဖြည့်တင်း ဆောင်ရွက်ပေးခဲ့သည်။

တပ်ကုန်းမြို့နယ်၌ မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသည့် ကျေးရွာနှစ်ရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်၊ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသော မြောက်မြိုက်၊ လက်ပန်ကျေးရွာများတွင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်း ဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် မြောက်မြိုက်ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ယနေ့ထိ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ဆောင်ရွက်လျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က မန္တ​လေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မတ်လ ၂၉ ရက်နေ့မှစတင်၍ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးလယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများအား ကွင်းဆင်းကြည့်ရှု၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်း

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် လယ်ဝေးမြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများအား ကွင်းဆင်းကြည့်ရှုသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများအား  ကွင်းဆင်းကြည့်ရှု၊ စေတနာရှင် ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် နေရာများအား ကွင်းဆင်းကြည့်ရှုသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခံခဲ့ရသော ကျေးရွာနှင့်သာသနိကအဆောက်အဦများ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ခံစားခဲ့ရသော ကျေးရွာနှင့်သာသနိကအဆောက်အဦများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ကျေးရွာနှင့်သာသနိကအဆောက်အဦများ ကွင်းဆင်းကြည့်ရှုခဲ့ရာ လက်ပန်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာစက္ကအား ဖူးမြော်ကြည်ညိုပြီး ဝတ္ထုငွေနှစ်သိန်းနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ကြက်ဥနှင့် ပစ္စည်းမျိုးစုံ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင်ဆောင်များ၊ လူနေအိမ်များ၊ ကျေးလက်ရေပေးဝေရေး ရေစင်ပျက်စီးမှုနှင့် ကျေးလက်ကျန်းမာရေးဌာနတွင် စေတနာရှင် ဆရာဝန်များနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ရေကန်များ ရေဖြည့်တင်းပေးနေမှု ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်၊ ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီဝင်ဦးဇေယျာလင်းတို့သည် မန္တ‌လေးမြေငလျင်ကြီးကြောင့် ဥတ္တရသီရိမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများကြည့်ရှုစစ်‌ဆေးပြီး ဆရာတော်များအား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မန္တ‌လေးမြေငလျင်ကြီးကြောင့် ဥတ္တရသီရိမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများ ကြည့်ရှုစစ်‌ဆေးပြီးဆရာတော်များအား ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

နေပြည်တော်ကောင်စီဝင်  ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိနေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင်  ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုး မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိနေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီအခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်ပွဲအခမ်းအနားများ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီအခြေခံ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ