နေပြည်တော်ကောင်စီနယ်မြေ

ဥတ္တရသီရိမြို့နယ်၌ အခွန်ပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥတ္တရသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အသီးသီးတွင် တက်ရောက် ပညာသင်ကြားနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရန်အောင်မြင်ဆည်နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ပြန်လည်ပြုပြင်နေမှု များအားကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ အမျိုးသားပရဆေးဥယျာဉ်သို့သွားရောက်ပြီး ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ မိုးရာသီတွင် ဆေးဖက်ဝင်အပင်များ တိုးချဲ့စိုက်ပျိုးမည့်အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ ပရဆေးဥယျာဉ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် အမြဲတမ်း စိမ်းလန်းစိုပြည် သာယာစေရေးဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူလယ်သမားများနှင့် တွေ့ဆုံ‌ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ကူဆည်စုကျေးရွာအုပ်စု၊ ကျေးစာဥရွာ SMU ခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် ကျေးလက်နေတောင်သူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်  နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းသည် မေလ ၂၇ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းအနီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပျဉ်းမနား-တောင်ညိုလမ်းနှင့် ရာဇသင်္ဂဟလမ်းမကြီး မြေထိန်းနံရံများအား စက်ယန္တယားများဖြင့် ပြန်လည်ဖယ်ရှားပြုပြင်ဆောင်ရွက်နေမှုများကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ပြုပြင်‌ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ မြေယာရှုခင်းပန်းအလှပင်များကို စနစ်တကျ ဆယ်တင်ရွှေ့ပြောင်းပြီး ပြန်လည်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ဥတ္တရခရိုင် ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုကို  ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ပုဗ္ဗသီရိမြို့နယ်အတွင်း ရာဂီသဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လမ်း၊တံတားများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုကို မေလ ၂၇ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ၊ ဒေသဆိုင်ရာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူး ဒေါက်တာကျော်လွင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တပ်ကုန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင်   ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ရတနာခန်းမ၌ ကျင်းပသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ