ဇမ္ဗူသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ဇမ္ဗူသီရိ မေ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့က ဇမ္ဗူသီရီမြို့နယ်အတွင်းရှိ UAB camp၊ အ.ထ.က(၁၁)၊ အ.ထ.က (၁၀)၊ အ.ထ.က(၉)၊ အ.ထ.က(၈)၊ အ.ထ.က(၇)၊ အ.မ.က (၃၄) အလျင်လို၊ အ.မ.က (၁၃၈) အောင်ချမ်းသာကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် လူနေအိမ်များနှင့် စာသင်ကျောင်းဝင်းအတွင်းရှိ ခြင်များခိုအောင်းနေထိုင် ပေါက်ဖွားမှု မဖြစ်စေရေး သောက်သုံးရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေအိုးရေခွက်များ၊ သောက်သုံးရေကန် များကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ chlorination ခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)