ပုဗ္ဗသီရိမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား အထွက်တိုးမျိုးစပါးများ ဖြန့်ဖြူးပေးအပ်

ပုဗ္ဗသီရိ မေ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုဗ္ဗသီရိမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့တော်ထောက်ပံ့ရန်ပုံငွေ သက်တန့်ရောင်သမဝါယမဖွံ့ဖြိုးမှုစီမံကိန်းတို့မှ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုး အောင်နိုင်တိုးမျိုးစပါးများကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခြင်းကို မေလ ၂၆ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများအား ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကဏ္ဍမှ သမဝါယမအသင်း (၈)သင်းမှ အသင်းသားတောင်သူ (၇၄)ဦး၏ (၁၇၄) ဧကအတွက် အထွက်တိုး အောင်နိုင်တိုးမျိုး (၂၂ဝ)အိတ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့တော်ထောက်ပံ့ရန်ပုံငွေ (သက်တန့်ရောင်သမဝါယမဖွံ့ဖြိုးမှု) စီမံကိန်းကဏ္ဍမှ သမဝါယမအသင်း (၉)သင်းမှ အသင်းသားတောင်သူ (၁၃၀)ဦး၏ (၂၆၉) ဧကအတွက် အထွက်တိုးအောင်နိုင်တိုးမျိုး (၃၅၂)အိတ် စုစုပေါင်း (၅၇၂) အိတ်အား တာဝန်ရှိသူများက အသင်းသားတောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)