ညောင်ရွှေ မေ ၂၈
၂၀၂၅-ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို လူထုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)’’ ဆောင်ပုဒ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် (၇)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ မြို့အဝင်ဈေးထောင့်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆိုင်းဘုတ်စိုက်ထူအပြီးတွင် ညောင်ရွှေစျေးအတွင်းရှိ ဈေးသည်များ၊ ဈေးဝယ်လာသူများနှင့် ဖြတ်သန်းသွားလာကြသည့် ပြည်သူလူထုများသို့ တစ်ခါသုံးပလတ်စတစ်လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ