ဦးစီးဌာန(ရုံးချုပ်)

သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များဘဝမြင့်တင်ရေး ရက်ကန်းသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်များ အလုပ်အကိုင်ရရှိရေး  အမျိုးသမီးငယ်များဘဝ မြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရက်ကန်းသင်တန်းကို   ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရှင်ဂျောက်ဂျက်အသင်းတော် ဘော်ဒါဆောင်ခန်းမတွင် ရက်ကန်းသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​ဇော်လင်းထွန်း  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ဘိုးဘွားရိပ်သာ (၄)ခုအတွက် ထောက်ပံ့​ငွေ ပေးအပ်ခြင်း အခမ်းအနား တက်​ရောက်

​မော်လမြိုင်မြို့၊ ​တောင်ဝိုင်းဘိုးဘွားရိပ်သာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ဘိုးဘွားရိပ်သာ (၄)ခုအတွက် ထောက်ပံ့​ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း တက်​ရောက်ခဲ့သည်။

ဘက်စုံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းပညာပေးသင်တန်းနှင့် မိုးစပါးကင်းထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲနှင့် မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးသင်တန်းနှင့် ပိုးမွှားကင်း ထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲကို ပေါမိုင်းရပ်ကွက် အောင်သာဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်လုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က

အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ             ​

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎​ရေနံနှင့်သဘာဝဓာတ်‎​ငွေ့လုပ်ငန်း၊ ​ချောက်/ လမ်းရွာ​ ရေနံ​မြေနှင့်အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (မ‎​ကွေးတိုင်း​ဒေသကြီး)တို့ ပူး​ပေါင်းဖွင့်လှစ်​သော

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ် အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့်နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ထေကြီး၊ ဝါကြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့  ဆန်၊ ဆီ၊ ဆေး၊ သင်္ကန်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ထေကြီး၊ ဝါကြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ဆေး၊ သင်္ကန်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့၊ နေ့လည်(၁)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်သို့သွားရောက် လှူဒါန်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အစီအစဉ်များသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေး ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ အဘိုး၊ အဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည် နှိုးဆော်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် စက်လှေဆိပ်များသို့ သွားရောက်လှည့်လည် ကြေငြာသည်။

မောင်တောမြို့၌  သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ လုပ်ဆောင်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ထားရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှစ၍ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့် ဆောင်ရွက် ထားရှိကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)