ကျုံပျော် ဇန်နဝါရီ ၂၇
ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား လိုင်းကြိုး ဆိုဒ်အသေးများအား ကြိုးဆိုဒ်အကြီး များဖြင့် လဲလှယ်ခြင်း၊ ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မီတာကွင်းဆင်း စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။
ထို့အပြင် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ၁၁ ကေဗွီ ဓာတ်အား လိုင်းများနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ကြံ့ခိုင်မှု စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)