နတ်မောက်မြို့နယ်အတွင်း ဆောင်းသီးနှံလျာထားချက်ပြည့်မီရေးအတွက် တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်                  

နတ်မောက် ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းသီနှံလျားထားချက်ပြည့်မီရေးအတွက် တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာ စိုက်ခင်းများသို့ သွားရောက်ခဲ့သည်။

အဆိုပါ တောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်ရာသို့ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးငွေစန်း၊ ခရိုင် S.M.S အဖွဲ့ဝင်များမှ ဒေသအတွင်းရေမြေဒေသနှင့် ကိုက်ညီပြီး ဆောင်းသီးနှံ လျာထားချက်  ပြည့်မီစေရေးအတွက် လယ်ယာသီးထပ် စိုက်ပျိုးခြင်းနှင့် ပဲမျိုးစုံသီးနှံအတွင်း သီးညှပ်စိုက်ပျိုးအောင်မြင်ရေး၊ သီးနှံပိုးမွှားကာကွယ်ရေး အပင်ပြုစုခြင်းလုပ်ငန်းများ စသည့်အကြောင်းအရာများကို တောင်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးတောင်သူများကလည်း လိုအပ်သည်များကို တင်ပြခဲ့ကြရာ တင်ပြမှုများအပေါ်  စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း