ကျွန်းလှ ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ ရတနာအောင်စည် ဘုန်းတော်ကြီးကျောင်းတိုက် သံဃာတော်များအတွက် ယနေ့ နံနက်က ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ လှူဒါန်းခြင်းနှင့် လုပ်အားဒါနပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရတနာအောင်စည် ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ဆန်၊ ဆား၊ ဆီ၊ ပဲ အမယ်လေးမျိုး လှူဒါန်းကြပြီး ကျောင်းတိုက်အတွင်းအပြင် သန့်ရှင်းရေး လုပ်အားဒါနပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)