ငဖဲမြို့နယ် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် ကော်ဖီပျိုးခင်း တည်ထောင်ခြင်းနှင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ - သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် တောင်ပေါ်ဒေသ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး စီမံချက်အား အထောက်အကူပြုစေရန် ရည်ရွယ်၍ ကော်ဖီပျိုးခင်း တည်ထောင်ခြင်းနှင့် ပျိုးထောင်ခြင်းလုပ်ငန်းများ စာတွေ့လက်တွေ့ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကော်ဖီခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ပေါ်ကျေးရွာ(၁၀)အုပ်စုမှ ကော်ဖီစိုက်တောင်သူ (၅၆)ဦးတက် ရောက်ခဲ့ကြသည်။