စစ်တွေမြို့၌ လူငယ်စကားဝိုင်းနှင့်အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေ ပြပွဲကျင်းပ
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့်အသိပညာပေးနံရံကပ် စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။