သုံးခွ ဇန်နဝါရီ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် အောင်မြေလောက သွန်းဘုရားကြီး ဂေါပကအဖွဲ့၀င်များ ပူးပေါင်း၍ အောင်မြေလောက သွန်းဘုရားကြီး၀င်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသန့်ရှင်းရေးပြုလုပ်ရာတွင် သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ အောင်မြေလောကသွန်းဘုရားကြီးကို ဘုရားလာရောက်ဖူးမျှော်ရာတွင် အေးချမ်းစွာ ဘုရားလာရောက်ဖူးမျှော်နိုင်စေရန်နှင့် သန့်ရှင်းသာယာလှပစေရေး စိတ်ချမ်းမြေ့စေရေးအတွက် ဘုရားကြီး၀င်းအတွင်းအပြင် သန့်ရှင်းရေးပြုလုပ်ခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ ဂန္ဓကုဠိတိုက်အတွင်း၊ ဘုရားကြီးမုဒ်ဦး အတွင်း၊ရင်ပြင်တော်အတွင်း၊ ဘုရားကြီးခြံ၀င်းအတွင်းနှင့် အရံစေတီ ဘုရား၀င်းတို့တွင် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၀န်ထမ်းများက အပြင်အောင်ခြင်း(၈)ပါး လင်္ကာနှင့် ဓဇ္ဇဂ္ဂသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁)ဗိုလ်မှူး သန့်ဇော်လင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်ရှိ အောင်မြေလောကသွန်း ဘုရားကြီးရင်ပြင်တော်များနှင့် ဘုရားကြီး၀င်းအတွင်း၊ တမျက်စည်းလှည်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း