ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့်ကွင်းဆင်း တွေ့ဆုံ

ကန်ကြီးထောင့် ဇန်နဝါရီ ၂၆

ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာကရင်စာပေအသင်းရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ရဲမှူးစိုးကြည်ဦးဆောင်သည့် ဌာနဆိုင်ရာများက ဒေသခံပြည်သူများအားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့်မီးချိတ်မီးကပ်များတပ်ဆင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေး အတွက်ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့လုံခြုံရေး အဖွဲ့နှင့်ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တ ရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်းစေရေး၊ မိမိတို့နေအိမ်အလိုက် သန့်ရှင်းရေးများဆောင်ရွက်ရေး၊ Clean City, Green City,Smart Cityဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ကြစေရေး ကိစ္စရပ်များအားရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ ကြရာသက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အလားတူစွာ လျှော်ကုန်းကျေးရွာတွင်လည်း ဆက်လက်ဆောင်ရွတ်ခဲ့ကြောင်း သိရသည်။

 မဇင် (ပြန်/ဆက်)