မလှိုင်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲ စတင်ဖြေဆို

မလှိုင် ဇွန် ၁၅

မိတ္ထီလာခရိုင်၊ မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်) စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှစ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြေဆိုနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နီလာစံ တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲသို့ မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-1  မှ  Grade-8   အထိ   စာရင်းရှိ ကျောင်းသား၊  ကျောင်းသူ (၁၂၁)ဦး၊    ဖြေဆို ကျောင်းသား၊ ကျောင်းသူ (၉၉)ဦး ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ(၂၂)ဦးနှင့် ဖြေဆိုမှု ရာခိုင်နှုန်း (၈၁.၈၁%) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)