မိုင်းတုံ ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ ဇွန်လ (၁၃) ရက်နေ့ နံနက် ၈ နာရီအချိန်က ပန်ကျိုင်းကျေးရွာတွင် ( ၂၀၂၆-ခုနှစ် )မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ထိုအခမ်းအနားကို မိုင်းတုံမြို့ စစ်ဗျူဟာအခြေချ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးညီညီ၊ မိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သီဟ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနကဦးစီး၍ ပျိုးပင်ပေါင်း (၅၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ မြေကမ်းပါးပြိုခြင်းများ၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူများ ရရှိနိုင်ရေး (၂၀၂၆-ခုနှစ်) မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် ကျင်းပခဲ့သည်။ သစ်ပင်စိုပျိုးရေးပွဲတော်တွင် ကျွန်း(၂၅၀)ပင်၊ ပိတောက် (၂၀၀) ပင်၊ စိန်ပန်းနီ (၂၅) ပင်နှင့် စိန်ပန်းပြာ (၂၅) ပင် စုစုပေါင်း (၅၀၀) ပင်အား စိုက်ပျိုးခဲ့ကြောင်း မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနထံမှ သိရှိရသည်။
မျိုးကျော်စိုး (ပြန်/ဆက်)