အင်းစိန်မြို့နယ်တွင် ပညာရေးဝန်ထမ်းအား covid 19 ရောဂါကာကွယ်ဆေး ထိုးနှံပေး

အင်းစိန် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊အင်းစိန်မြို့နယ်တွင် ပညာရဝန်ထမ်းများအား ကိုဗစ်(၁၉) ရောဂါ ကာကွယ်ဆေး  Pfizer Vaccine ကို ယမန်နေ့နံနက်ပိုင်းက  နံ့သာကုန်းရပ်ကွက်၊ အထက(၁) ဧရာဝတီ ခန်းမတွင်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အင်းစိန်မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နွယ်အိလှိုင်  ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေး၀န်ထမ်းများက ပညာရေးဝန်ထမ်း ၄၀၃ ဦးအား ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး Pfizer vaccine ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်(၁၉)ရောဂါ ကာကွယ် ဆေးများကို ရပ်ကွက်အလိုက်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ တာဝန်ရှိသူထံမှ သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)