မြဝတီမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဌာနနှစ်ပတ်လည်အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန်လ (၁၅)ရက်နေ့ တွင်ကျရောက်မည့် (၃၁)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်း(၁၃)ဦးက ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။