တန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်နေမှုအား ပွဲတော်လာဧည့်သည်တော်များမှ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကြည့်ရှုအားပေး
ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် နေ့လွှတ်အရုပ်ပြိုင်ပွဲကို အောက်တို ဘာလ ၂၇ ရက်နေ့မှ စတင်ကာ နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲအား ယှဉ်ပြိုင်ကျင်းပပေးခဲ့ရာ နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း ဆက်လက်ယှဉ်ပြိုင် လွှတ်တင်လျက်ရှိသည်။