မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရေးအတွက် ကျောင်းမုန့်ဈေးဆိုင်တန်းများအား လိုက်လံစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရေးအတွက် ကျောင်းမုန့်ဈေးဆိုင်တန်းများအား တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။