ကသာမြို့တွင် (၃၂)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၂)ကြိမ်မြောက် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက ကသာမြို့၊ ဇေယျာချောင်ရပ်ကွက်၊ သာသနာ့ပဇ္ဇောတာ ကျောင်းတိုက် (ကျောင်းသစ်)ရှိ ဓမ္မဗိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။