ပုလော ဇွန် ၁၁
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုလောမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ဇွန် ၁၁ ရက် နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်သည်။
ယင်းသို့ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်(၁၈)နှစ်ကြား၊ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာလေ့လာသင်ယူရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များဆည်းပူးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောကြားသည်။
ယနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုကို ပုလောမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ နေ့ချင်းအပြီး ဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
မြို့နယ်(ပြန်ဆက်)