သနပ်ပင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

သနပ်ပင် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကျော်ဇေယျက ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် မကြက်စုကျေးရွာနှင့် ရစ်ကန်လေးကျေးရွာတို့ရှိ တောင်သူ (၂၈၃) ဦးအတွက် လယ်မြေတစ်ဧကလျှင် (၃၀၀၀၀၀) ကျပ်နှုန်းဖြင့် လယ်မြေဧက (၂၀၀၁) ဧကအတွက် စုစုပေါင်းငွေကျပ် (၆၀၀၃၀၀၀၀၀) ငွေကျပ် သိန်းခြောက်ထောင့်သုံးသိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)