ညောင်လေးပင်မြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်း အခမ်းအနားကျင်းပ

ညောင်လေးပင် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဒေါက်တာဘသန်းရေကန်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်း ဆောင်ရွက်ရာ၌ ညောင်လေးပင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကိုကိုဌေးနှင့်တပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရေကြီးနစ်မြှုပ်မှုကြောင့် ပိတ်မိနေသောသူများကို အသက်ကယ်ကြိုးများအသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွေ့ထုတ်နည်းစနစ်များနှင့် ရေဘေးအန္တရာယ်ကြုံတွေ့လာရပါက ကူညီဆောင်ရွက်ရမည့် နည်းလမ်းများကို လက်တွေ့သရုပ်ပြသဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကိုကိုဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မမြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)