မြစ်သား ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝ ဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၁ ရက် မွန်းလွဲ(၁)နာရီက ကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က မြို့မအနောက် (အ.မ.က)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မင်းကျော်က ငလျင်လှုပ်နေစဥ်လိုက်နာရမည့် အချက်များ၊ငလျင်လှုပ်ခတ်ပြီးနောက် နောက်လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဘေးမဖြစ်ပေါ်မီ လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဘေး ဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဘေးဖြစ်ပေါ် ပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များနှင့် ရေဘေးဖြစ်ပေါ်နေချိန် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ ရေဘေးဖြစ်ပေါ်ပြီးပါက လိုက်နာရမည့်အချက်များ စသည်တို့ကို ရှင်းလင်းဟောပြော ခဲ့သည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်အသိပညာပေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)