အမြို့မြို့အနယ်နယ်သတင်းများ

ဟိုပုံးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

‎မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရေးအတွက် ကျောင်းမုန့်ဈေးဆိုင်တန်းများအား ‎လိုက်လံစစ်ဆေး

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရေးအတွက် ကျောင်းမုန့်ဈေးဆိုင်တန်းများအား တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်း‌ကျောင်း၌ ကျင်းပသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အ.ထ.က (၄) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ရက် (၁၀၀) လမင်းစီမံချက်အရ ယမန်နေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ကျန်းမာရေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းပန်)၌ ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကွင်းဆင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွဋ်နှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာ၀န်ပေးအပ်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တာရစီမံကိန်း ရည်မှန်းချက်များ တာ၀န်ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရေး စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် တောင်သူများ လယ်လုပ်ငန်းခွင်ဆင်း၍ စတင်ဆောင်ရွက်လျက်ရှိသည်။

နတ်တလင်းမြို့ အ.ထ.က ခွဲ (ရှမ်းကုန်း) ၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (ခွဲ) ရှမ်းကုန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ