အမြို့မြို့အနယ်နယ်သတင်းများ

ပင်လုံမြို့၌ အမှတ်(၂)ရပ်ကွက်အလှည့်ကျ ပွဲတော်ကျင်းပရေးကော်မတီ၏ (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်လှူဒါန်းရေစက်ချ အခမ်းအနား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့မြို့မနောင်ကွတ်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သောပင်လုံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ကထိန်ခင်းပင့်ကျောင်း(၁၀)ကျောင်းနှင့် အရံပင့်ကျောင်း(၇)ကျောင်းအားကထိန်လျာသင်္ကန်း၊ အရံသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းသည့် (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် လှူဒါန်းရေစက်ချ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွန်ထမ်းပြည်သူများနှင့် လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတွင် ကျင်းပသည်။

နန်းယွန်းမြို့တွင် အသက်‌မွေးဝမ်း‌ကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “ဆိုင်ကယ်ပြုပြင်နည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နန်းယွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ကျင်းပခဲ့သည်။

မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော်၌ (၅၅)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာ ဗောဓိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ (၅၅) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော် ပညာဓိကတန်ဆောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာ ကျွေးမွေးဧည့်ခံ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာကျွေးမွေးခြင်း (ပထမနေ့) အား နိုဝင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်အောက်ထပ်ရှိ စိတ္တသုခခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ တတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော်ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော တတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော် အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီအချိန်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမာခရစ္စနားမစ္စရှင်ဘုရားရှစ်ခိုးဝတ်ပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာမှ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

ကျောင်းကုန်းမြို့၌ တစ်အိမ်ထောင်လျှင် သစ်မာတစ်ပင်စိုက်ပျိုးခြင်း အကောင်အထည်ဖော်ဆောင်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဗျိုက်အုပ်စု၊ အနောက်စု ကျေးရွာ၌ တစ်အိမ်ထောင်လျှင် သစ်မာတစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

လက်ပံတန်းမြို့၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီမံမှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့နယ်လုံးကျွတ် စုပေါင်းဌာနပေါင်းစုံမဟာဘုံကထိန် ပဒေသာပင်များကို မြို့မဈေး(၁)လမ်းအဝိုင်းတွင် စုရပ်ပြုကာ စီတန်းလှည့်လည်ပွဲ ကျင်းပခဲ့သည်။

ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး အောင်နိုင်တိုး (၆၆×၆၆)ပတ်လည် စံကွက်ရိတ်သိမ်းကွင်းသရုပ်ပြပွဲကျင်းပ       

ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးအောင်နိုင်တိုး (၆၆×၆၆) ပတ်လည် စံကွက်ရိတ်သိမ်းကွင်း သရုပ်ပြပွဲကို နိုဝင်ဘာ(၃)ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ နားနုံးကျေးရွာ တောင်သူ ဦးအောင်စိုးလွင်၊ ကွင်းအမှတ်၊ (၆၂)၊ ဦးပိုင်အမှတ် (၇၃)နားနုံးပါ မလုံလယ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ (၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ ရေစက်ချဆပ်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် (၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ ရေစက်ချဆပ်ကပ် လှူဒါန်းပွဲအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ