သာပေါင်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။
ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား မကူးစက်နိုင်သောရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ သာပေါင်းမြို့နယ်ဆေးရုံ NCD Clinic တွင် လာရောက်ပြသကြသော သွေးတိုးရောဂါ (၄၁)ဦး၊ ဆီးချိုရောဂါ(၃၂)ဦး၊ နှလုံးရောဂါ(၆)ဦးနှင့် ပန်းနာရင်ကြပ်/နာတာရှည် အဆုတ်လေပြွန်ရောဂါ(၇)ဦးနှင့် လေဖြန်းရောဂါ(၁)ဦးတို့အား ပြည်သူ့ကျန်းမာရေးဌာနမှူးနှင့် လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးများအခမဲ့ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး