ကျိုက်ထို ဇွန် ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် (၃၁) နှစ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါသွေးလှူဒါန်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် (ရုံး) နှင့် ဘီးလင်းမြို့နယ် (ရုံး) တို့ရှိ ဝန်ထမ်းများမှ သွေးဖောက်လှူဒါန်းကြရာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးလှဦး၊ ကျိုက်ထိုခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှအေးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသော ဝန်ထမ်း (၁) ဦးချင်းတို့အား ကြက်ဥ (၁၅) လုံး၊ Brands ငှက်သိုက် (၁) ဘူး၊ Vitanaz (၁) ဘူး၊ အာဟာရမုန့်နှင့် အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)