အမြို့မြို့အနယ်နယ်သတင်းများ

မိုင်းဆတ်မြို့၌ (၅၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်လုံးဆိုင်ရာ (၅၅) ကြိမ်မြောက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် ပဒေ သာပင်များအား မြတ်ဗုဒ္ဓရုပ်ပွားတော်နှင့်အတူ နိုဝင်ဘာ ၁ ရက်က မော်တော်ယာဉ်များဖြင့် မြို့ပတ် လမ်းအတိုင်းလှည့်လည်ပူဇော်ခဲ့ပြီး ယမန်နေ့ နံနက် ၉ နာရီခွဲက ကထိန်လျာသင်္ကန်းနှင့် ပဒေ သာပင်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို တပ်နယ်ရှိ ရန်ကြီးအောင်ခန်းမတွင် ကျင်းပ သည်။

စလင်းမြို့နယ်တွင် (၂၆)ကြိမ်မြောက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ(၂၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့်ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၏ (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ​အထွေထွေ အုပ်ချုပ်ရေးမှူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တုံတာမြို့၌ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က စုရပ်ဖြစ်သော မြို့ အ,လ,က(နောက်)ကျောင်းမှ တစ်ဆင့်တုံတာမြို့ မြို့ဦးဝေဠုဝန် ထေရဝါဒ သာသနာပြုကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။

ကန့်ဘလူမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆိုင်းဘုတ်များ လိုက်လံချိတ်ဆွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် တန်ဆောင်တိုင်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမိုးကျော်သူ ဦးဆောင်ကြီးကြပ် မှုဖြင့် မြို့မမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆိုင်းဘုတ်များကို ယနေ့နံနက် ၉ နာရီက လိုက်လံချိတ်ဆွဲခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်၌ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီး၏ (၄၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှူဒါန်းရေစက်ချပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ အမှတ်(၂)ရပ်ကွက်ရှိ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီး၏ (၄၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှူဒါန်းရေစက်ချပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ပူတာအိုမြို့၌ မီးငြှိမ်းသတ် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အသေးစားစက်မှုလုပ်ငန်းများ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနက ဈေးအတွင်း မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးငြှိမ်းသတ် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အသေးစားစက်မှုလုပ်ငန်းများ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့မဈေး၌ ဆောင်ရွက်သည်။

ပူတာအိုမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဌာနပိုင်လယ် မတ်ပန်ကွင်းအတွင်း မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ (၃၀)ရက် နံနက်(၉)နာရီက ကျင်းပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌(၃၅) ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေမြင်ထင်မွေတော် (မြောက်)ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြက်ဟင်းခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစု တစ်ဖက်တလမ်းမှ ဝင်ငွေရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး ဘူး၊ ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ ဆလပ်၊ မုံညင်း စသည့် မီးဖိုချောင်သုံး အသီးအနှံများ စိုက်ပျိုးကြရာ ကြက်ဟင်ခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ