ရေကြည်မြို့နယ်တွင် အသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ရေကြည် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရေကြည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားပြိုင်ပွဲဝင် အသင်း (၁၀) သင်းမှ အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ရွတ်ဆိုကာ ရေကြည် (ခ) အသင်းနှင့် အသုတ် (ဂ) အသင်းမှ အဖွင့်ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းသားများ၊ ဘောလုံးအားကစား ဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲများအား (၁၅-၇-၂၀၂၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)