ရေကြည် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်သမဝါယမအသင်းစုရုံး၌ မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများအား သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲ အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ အသင်းသားတောင်သူများ တက်ရောက်ခဲ့ပြီး အသင်းသားတောင်သူ(၁၁) ဦးထံသို့ ကောမက်(ပုလဲ) G(46%) သွင်းအားစုများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရက်(၁၀၀) စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ဈေးနှုန်းချိုသာစွာ အသင်းသားတောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)