အမြို့မြို့အနယ်နယ်သတင်းများ

ရေကြည်မြို့နယ်၌ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်‌၊ ရေကြည်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် တစ်ပိုင်တစ်နိုင်ကောက်ရိုးမှိုစိုက်ပျိုးခြင်း လက်တွေ့ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကောက်ရိုးမှိုစိုက်ပျိုးနည်း လက်တွေ့ပြသခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

သာပေါင်းမြို့နယ် အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique Identification Number (UID)ထုတ်ပေးနိုင်‌ရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique Identification Number (UID)ထုတ်ပေးနိုင်‌ရေး အခြေခံပညာကျောင်းများရှိ အသက် (၁၀)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၁၀ ရက်နေ့၊နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(လှေကြီးတတ်)၊သင်္ဂါရခန်းမ၌ ဆောင်ရွက်ကြသည်။

လားရှိုးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၃) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုအားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ကျေးသီးမြို့နယ်ရုံး ရှေ့မြေစိုက်ဘုတ် ရွှေနမ့်ဟင်နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ရွှေနမ့်ဟင်နံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့မြေစိုက်ဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မကျီးပင်ပုကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ရက် (၁၀၀) စီမံချက် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဝါးကောက်တောကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး Campaing ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် သပြေကုန်းစျေးရှေ့တွင် စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး Campaing ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ရွှေသွေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ