အမြို့မြို့အနယ်နယ်သတင်းများ

ညောင်ဦးခရိုင်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်များ ဇုန်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိခဲ့ကြသည့် အမျိုးသား/အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်များ ဇုန်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိခဲ့ကြသည့် အောင်ပွဲရ ပုသိမ်ဇုန် အမျိုးသား/အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်

တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော် မြတ်ကြီး၌ (၃၈)ကြိမ်မြောက် မသိုး သင်္ကန်းကပ်လှူပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်းတွင် ယမန်နေ့နံနက်ပိုင်းကပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

မိုင်းယုမြို့၌ သမိုင်းဝင် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၏ သမိုင်းဝင် အထင်ကရဖြစ်သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို  နိုဝင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ သုံးရက်တိုင်တိုင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ဟိုခိုဘုန်းကြီးကျောင်း၌ ကျင်းပြုလုပ်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ် အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်တွင် (၁၃၈၇ ခု၊ တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်မြို့လုံးကျွတ်ရိုးရာမီးပဒေသာလှည့်လည်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အား အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကျင်းပလာခဲ့ရာ ယနေ့နိုဝင်ဘာ ၄ ရက် တန်ဆောင်မုန်းလပြည့်နေ့(ည)၌ မြို့လုံးကျွတ်ရိုးရာမီးပဒေသာအလှ လှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားများတွင် ဆီမီးပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား   တန်ဆောင်မုန်းလပြည့်နေ့ ည  ၇ နာရီအချိန်မှ စတင်ကာ ရွှေစည်းခုံ ဘုရားကြီးနှင့်သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော်ခဲ့ကြကြောင်းသိရသည်။

တန်ဆောင်မုန်းလပြည့်နေ့၌ မင်းဘူးမြို့ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် မီးပုံးပျံလွှတ်တင်ခြင်းနှင့် ဆီမီးထွန်းညှိပူဇော်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ညက မီးပုံးပျံများလွှတ်တင်ကာ ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ် စစ်‌ဆေးပေးပြီး ဆေးကုသပေးမှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့ နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ