ကျေးသီးမြို့နယ်ရုံး ရှေ့မြေစိုက်ဘုတ် ရွှေနမ့်ဟင်နံရံကပ်စာစောင်ပြသ

ကျေးသီး ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ရွှေနမ့်ဟင်နံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့မြေစိုက်ဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအန္တာရာယ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်ပြသခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်နှင့် ဝန်ထမ်းများကဦးဆောင်၍ ကလေးငယ်များကလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

ကျေးသီး(ပြန်/ဆက်)