မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မကျီးပင်ပုကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင်   ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်က သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။ ၎င်းနောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားသင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေ လူမှုစီးပွားဘဝမြင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း(ဆပ်ပြာ)သင်တန်းကို  သင်တန်းသားသင်တန်းသူ ၂၀ ဦးဖြင့် ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)