ကွမ်းခြံကုန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ရက် (၁၀၀) စီမံချက် ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဝါးကောက်တောကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲအား ကွမ်းခြံကုန်းမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ဦးအောင်စိုးက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မန်ဂျာရှား (၅၀၀) ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ကွမ်းခြံကုန်းမြို့နယ် တောအုပ်ဦးအောင်စိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)