ငါးသိုင်းချောင်းမြို့တွင် တစ်ပိုင်တစ်နိုင်ကောက်ရိုးမှိုစိုက်ပျိုးခြင်း လက်တွေ့ပြသ

ငါးသိုင်းချောင်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကောက်ရိုးမှိုစိုက်ပျိုးနည်း လက်တွေ့ပြသခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကောက်ရိုးမှိုစိုက်ပျိုးနည်း လက်တွေ့ပြသစိုက်ပျိုးခြင်းကို ငါးသိုင်းချောင်းမြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထက်အောင်က ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုပြောကြားပြီး မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်လှမြင့်က ကောက်ရိုးမှိုစိုက်ပျိုးနည်း အဆင့်အဆင့်တို့ကို တက်ရောက်လာကြသော ဒေသခံတောင်သူများအား ရှင်းလင်းပြောကြားကာ ကောက်ရိုးမှိုစိုက်ပျိုးခြင်းကို လက်တွေ့ပြသစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)