ဇမ္ဗူသီရိ ဇွန် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် သပြေကုန်းစျေးရှေ့တွင် စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေး Campaing ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Campaing တွင် စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေအောင်ဝင်းထွန်းမှ အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများမှ အသိပညာပေးပိုစတာများကိုင်ဆောင်၍ လမ်းသွားလမ်းလာယာဉ်များအား အသိပညာပေး လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုအသိပညာပေး Campaing ပြုလုပ်ပွဲသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်ဦးခွန်နေထွန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်မြင့်ဦး၊ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ငွေ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)