အမြို့မြို့အနယ်နယ်သတင်းများ

မင်းလှမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်က ရေခါးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းကထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘူယောင်းအားကစားရုံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မိုင်းတုံ၌ ဘိန်းအစားထိုးသီးနှံမျိုးစေ့များအား ဟိုပန်‌ကျေးရွာအုပ်စုသို့ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံ စံပြကွက်စိုက်တောင်သူများဖြစ်သည့် ဟိုပန်ကျေးရွာအုပ်စုရှိ နောင်ရာဆိုင်၊ အောင်ချမ်းနှင့် စမ်းသီတာ (၅) မိုင်ကျေးရွာသို့ မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်ပြန်/ဆက်၊မြို့ နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီး နေရပ်သို့ ပြန်လည်ရောက်ရှိလာသော လူငယ်များအား ကြိုဆိုဂုဏ်ပြု

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၂/၂၀၂၄)မှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး၍ နေရပ်သို့ ပြန်လည်ရောက်ရှိလာသော လူငယ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တအတွင်းရေးမှူး ရဲမှူးစိုင်းညီညီမင်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့၌ ယနေ့ နံနက် (၁၁) နာရီက အောင်သပြေခက်များ၊ ပန်းကုံးများဖြင့်  ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု၊ စက်ရုံတည်ဆောက်မှုနှင့် ခေါက်တိုသယ်ယူပို့ဆောင်ရေး စီမံလျာထားမှုများအား ရှင်းလင်းတင်ပြ

Quantis Drive Technologies Ltd မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသတွင်း အလုပ်အကိုင်ဖန်တီးနိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စက်ရုံအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် စနစ်ကျသော ခေါက်တိုသယ်ယူပို့ဆောင်ရေး စီမံလျာထားမှုများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်န်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျေးသီးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (အကြို)  ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊  လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်   တရားမဝင်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့  (အကြို)  ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။        

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဝင်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများမှ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်က ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု‌ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ