ကံမ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၂/၂၀၂၄)မှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး၍ နေရပ်သို့ ပြန်လည်ရောက်ရှိလာသော လူငယ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တအတွင်းရေးမှူး ရဲမှူးစိုင်းညီညီမင်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့၌ ယနေ့ နံနက် (၁၁) နာရီက အောင်သပြေခက်များ၊ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
ဆက်လက်၍ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ အတွင်းရေးမှူး ရဲမှူးစိုင်းညီညီမင်းနှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးတို့က ဂုဏ်ပြု အမှာစကားပြောကြားပြီးနောက် ပြည်သူ့စစ်မှုထမ်းလူငယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းလူငယ် (၂၁) ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းလူငယ်များအား နေ့လည်စာဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)