တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားများအတွက် ဆန်၊ ဆီ များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်ပြုလုပ်သော တိုင်းရင်းသားများအတွက် ဆန်၊ ဆီများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြိို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာ တိုင်းရင်းသားများက ကောင်းချီးကျေးဇူးတော်ကို ချီးမွမ်းခြင်း တေးသရုပ်ဖော်အစီအစဉ်ဖြင့် အခမ်းအနားအား ဖွင့်လှစ်သည်။

ကော့သောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၇)ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ အခြေချကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ၊‌ ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီများ တက်ရောက်ခဲ့ကြသည်။

ရေဖြူမြို့နယ်၊ ပုလဲကူ-ရေဖြူ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၏ကြီးကြပ်မှုဖြင့် ရေဖြူမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပုလဲကူ-ရေဖြူလမ်း ၁/၆ မိုင်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ အခြေခံကကွက်နှင့်အကဟန်များ သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ အခြေခံကကွက်နှင့်အကဟန်များသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ယမန်နေ့တွင် ကျရောက်သည့် (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ကျင်းပခဲ့သည်။

ကော့သောင်းမြို့၌ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းသည် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရောက်ရှိနေသော တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းသည် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်လိုက်ပါလျက် နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်နှင့် မြို့နယ် ယာယီဥပဒေရုံးသို့သွား‌ရောက်၍ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲကို ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်‌ ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေး ဆော်ဩ

တနင်္သာရီတိုင်းဒေသကြီး၊‌‌ ကော့‌သောင်းခရိုင်၊‌ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံဆော်ဩခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ သဲတန်းဈေး၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်နှင့်အဏ္ဏဝါရပ်ကွက် စည်ပင်သာယာဈေးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့ (၅၃) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယဘုရားပွဲတော်၌ ဘုရားဖူးများဖြင့် စည်ကား

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၅၃) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ကော့သောင်းမြို့၊ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ညမှစတင်ကာ လပြည့်ကျော် ၈ ရက်နေ့အထိ (၉) ရက်တာ ကျင်းပပြုလုပ်လျက်ရှိသည်။

မြိတ်မြို့တွင် တန်ဆောင်မုန်းလပြည့်ည နှစ်ကျိပ်ရှစ်ဆူဘုရားဒေသစာရီ လှည့်လည်ပူဇော်ပွဲဘုရားဖူးပြည်သူများဖြင့် ခြိမ့်ခြိမ့်သဲစည်ကား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်း၌ (၆)ရက်တိုင်တိုင်ကျင်းပခဲ့ပြီး တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ (၄) ရက် ညနေပိုင်းမှစတင်ကာ ဘုရားငါးဆူကွင်းမှ ဒေသ စာရီ လှည့်လည်ပူဇော်ပွဲကျင်းပရာ လမ်းတလျှောက်ဘုရားဖူးပြည်သူများဖြင့် မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ညသည် ခြိမ့်ခြိမ့်သဲစည်ကားခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး