တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ပြည်သူ့ဆေးရုံမှ ကွင်းဆင်းပြီး အခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပြည်သူ့ဆေးရုံမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချို ဦးဆောင်သော အဖွဲ့သည် ပုလောမြို့ အမှတ် ၂ ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက ပြည်သူများအား ကွင်းဆင်းပြီး အခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။

မြိတ်တက္ကသိုလ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်တွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်အတွက် အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ ဇူလိုင် ၈ ရက် နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

မြိတ်မြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဇူလိုင် (၈)ရက်နံနက်ပိုင်းက  အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။

မြိတ်မြို့နယ်အတွင်း ပင်လယ်ရေငန်ဝင်ရောက်သည့် လယ်များတွင် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတွင် ဇူလိုင်(၈)ရက် နံနက်ပိုင်းတွင် တောင်သူများအား ပင်လယ်ရေငန်ဝင်ရောက်နိုင်သည့် ဧရိယာများ၌ ဆားငန်ဒဏ်ခံ စပါးမျိုးများ စိုက်ပျိုးခြင်းနည်းပညာပေးဆွေးနွေးသည်။

ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊မြို့နယ်အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့မွန်းလွဲပိုင်းက ပုလောမြို့မ အားကစားကွင်းတွင် ကျင်းပရာ ပလောက်တပ်နယ်၊ ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုး (စစ်ဦးစီးပထမတန်း)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ထားဝယ်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက ရက် ၁၀၀ စီမံချက်အရဆောင်ရွက်သည့် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ကော့သောင်းမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။

မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး   

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇူလိုင် ၆ ရက်က မြိတ်မြို့နယ်‌ဇေယျာသီရိ(၂)ရပ် အ.ထ.က(၆)​အုန်းတောကျောင်းတွင် ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနတွင် မိုးရာသီသစ်ပင် စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ခမောက်ကြီးမြို့၌ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကော့သောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခမောက်ကြီးကျေးလက်ကျန်းမာရေးဌာနခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၇ ရက်က အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများကို သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး