ပုလော ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊မြို့နယ်အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့မွန်းလွဲပိုင်းက ပုလောမြို့မ အားကစားကွင်းတွင် ကျင်းပရာ ပလောက်တပ်နယ်၊ ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုး (စစ်ဦးစီးပထမတန်း)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက အားကစားကဏ္ဍ မြှင့်တင်ခြင်းဖြင့် အဆင့်အတန်း တိုးတက်မြှင့်မားလာပြီး အမျိုးသားလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက် အကူပြုရန်၊ အားကစားသမားကောင်းတစ်ဦးအတွက် လိုအပ်သည့်စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုဖြင့် ပြည့်စုံအောင် လေ့ကျင့်ကြိုးစားသွားကြခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားကောင်းသမားတွေ ပေါ်ထွက် လာနိုင်စေရန် ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး၊ ဒုတိယ ဗိုလ်မှူးကြီးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
ဆက်လက်၍ ပုလောမြို့ အမှတ်(၁) ရပ်ကွက်အသင်းနှင့် မကျည်းကုန်းအသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးသည်။ ၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲကို ပုလောမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အသင်း ( ၆ ) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)