မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး   

မြိတ်   ဇူလိုင်    ၇

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇူလိုင် ၆ ရက်က မြိတ်မြို့နယ်‌ဇေယျာသီရိ(၂)ရပ် အ.ထ.က(၆)​အုန်းတောကျောင်းတွင် ကျင်းပသည်။

ဟော​ပြောရာတွင် မြိတ်မြို့နယ်သစ်​တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အ​ကြောင်းအရာများအား ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာ​ပေးဟော​ပြောသည်။

ဆက်လက်၍‌ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ‌ကိုပြောကြား၍ တက်​ရောက်လာသူများအား သစ်ပင်စိုက်ပျိုးပြုစုခြင်း ပညာပေးလက်ကမ်းစာ‌စောင်များအား ဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့်မာတာကွတ်ပျိုးပင်များကို သရုပ်ပြစိုက်ပျိုးပြသခဲ့​ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)