တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ စာရေး(၁)၊ စာရေး(၂) လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၅)ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေး(၁)၊ စာရေး(၂)ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးမွမ်းမံသင်တန်း(၂/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြိတ်မြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင် ပါရှိနိုင်ရေးအတွက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင် ပါရှိနိုင်ရေးအတွက် မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းစသော မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများအား ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်၍ စိတ်ရွှင်လန်းစေရေး ဉာဏ်စမ်းပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ခမောက်ကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးစာဖက်ဝိုင်းနှင့် ပြိုင်ပွဲများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အ.လ.က ယုဇနကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် မီးဘေးလုံခြုံရေးအသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်မှုများကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

တနင်္သာရီဝန်ကြီးချုပ်ဦးမြတ်ကို မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၁၀/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၀/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၀/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၀/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြိတ်မြို့တွင် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းကျေးရွာများ၏ လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းကျေးရွာများ၏ လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲကို နိုဝင်ဘာ (၁၀) ရက် နံနက် (၁၀) နာရီက ပုလဲရတနာခန်းမတွင် မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ကြသည်။

မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး