တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲတက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

မြိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဇူလိုင် ၉ ရက် နံနက်ပိုင်းက အ.ထ.က(၇)နှင့် အ.ထ.က(၂)ကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက် ပေးသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသက်နိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပ သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း တနင်္သာရီတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီခွဲက ထားဝယ်မြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး မြိတ်ခရိုင်အတွင်းရှိ နှစ်ရှည်သီးနှံပျိုးပင်များ ပျိုးထောင်ထားရှိမှုများနှင့် ရာဘာပင်ကြား ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများသည် ဇူလိုင် ၉ ရက်နံနက်ပိုင်းက မြိတ်မြို့နယ် ရွှေဒူးကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြိတ်ခရိုင်အတွင်း နှစ်ရှည်သီးနှံစိုက် ဥယျာဉ်ခြံတောင်သူများအား အခမဲ့ဖြန့်ဖြူးပေးမည့် နှစ်ရှည်သီးနှံပျိုးပင်များ ပျိုးထောင်ထားရှိမှုများနှင့် ရာဘာပင်ကြား ဥယျာဉ်ခြံသီးနှံစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကြသည်။

ကော့သောင်းမြို့ အထက(၃)ကျောင်း၌ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့် 

ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ လျင်မြန်ထိရောက်စွာ ကူညီကယ်ဆယ်နိုင်ရန် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ကြက်ခြေနီအသင်းနှင့် လူမှု‌‌ရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  ဆောင်ရွက်သည်။

ခမောက်ကြီးမြို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်းကျောင်း(ယုဇန)ရှိ ကျောင်းသား၊ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

ခမောက်ကြီးမြို့တွင် မူလတန်းကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေးအတွက် စားသောက်ဖွယ်ရာများကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေး ဦးစီးဌာနခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံဖြိုးတိုးတက်ရေးအတွက်(KG)တန်းကျောင်းသားကျောင်းသူများအား အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီခွဲက ဆောင်ရွက်သည်။

ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ်၌  မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာ၌ (ပေါင်ပျိုး) သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်အား လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရက် (၁၀၀) စီမံချက် လုပ်ငန်းများဖြစ်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကျေးရွာ မကျည်းကုန်းရှိ တောင်သူ ဦးညီညီလွင်၏လယ်တွင် ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက (ပေါင်ပျိုး) သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့်  လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြပွဲ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး