တနင်္သာရီ ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနတွင် မိုးရာသီသစ်ပင် စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
အခမ်းအနားသို့ ချောင်ကြီးရပ်ကွက်မှ ရာအိမ်မှူးနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၅၁) ဦး တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲတွင် မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးဇေယျာမိုးက မိုးရာသီသစ်ပင်စိုက်ပျိုးရေး၏ အရေးပါမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်း အရာများကို အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သစ်တောဦးစီးဌာန ရုံးဝင်းအတွင်း စက္ကူပန်းပင်များကို လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
တနင်္သာရီ(ပြန်/ဆက်)