ထားဝယ်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက ရက် ၁၀၀ စီမံချက်အရဆောင်ရွက်သည့် အခြေခံပညာကျောင်း ပေါင်းစုံအမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။