ခမောက်ကြီး ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကော့သောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခမောက်ကြီးကျေးလက်ကျန်းမာရေးဌာနခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၇ ရက်က အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများကို သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါကျန်းမာရေးစစ်ဆေးခြင်းကိုကျေးလက် ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်က သွေးတိုးနှင့်ဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ အသိပညာပေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သွေးတိုးနှင့်ဆီးချိုဆေးများအခမဲ့ပေးခဲ့ကြောင်းသိရသည်။
ခမောက်ကြီး( ပြန်/ဆက်)