တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပသည်။

ကော့သောင်းမြို့၌ တိုင်းရင်းသားရေးရာဟောပြောဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားများ၏ ပညာရေး၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တိုင်းရင်းသားရေးရာဆွေးနွေးပွဲကို ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ “‌‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ အထက-ကတ္တလူ ကျောင်းခန်းမ၌ ကျင်းပသည်။

မြိတ်မြို့ သားဖွားသင်တန်းကျောင်း၌ သင်တန်းသူ အမျိုးသမီးငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် သင်တန်းသူ အမျိုးသမီးငယ်များ အသိ ပညာဗဟုသုတများ တိုးပွားသိရှိစေရန်နှင့် ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သားဖွားသင်တန်းကျောင်း (မြိတ်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပသည်။

လောင်းလုံးမြို့နယ်တွင်   နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

‎‎တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများကယနေ့ နံနက် (၉)နာရီက ထားဝယ်တက္ကသိုလ် Community centre ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကျေးလက်နေပြည်သူများအား အခမဲ့ဆေးကုသ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များအဖွဲ့သည် မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇူလိုင်(၁၀)ရက် နံနက်ပိုင်းက အင်္ဂမော်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာပြည်သူများအား ကျေးရွာအရောက်ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။

ရေဖြူမြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရေဖြူမြို့ (ခ)ရပ်ကွက် တောင်သူဦးနိုင်ထွေး၏ လယ်မြေ၃ဧကတွင် ကျင်းပရာ (က)၊ (ခ)ရပ်ကွက်၊ ညင်းထွေး၊ ကျောက်ထောင့်၊ နတ်တွင်းကျေးရွာအုပ်စုများရှိ လယ်စိုက်တောင်သူများ တက်ရောက်လေ့လာကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ လယ်မြေများတွင် အစေ့ချစိုက်ပျိုးပုံနည်းစနစ်များကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီ က ရေဖြူမြို့ (ခ)ရပ်ကွက် တောင်သူဦးနိုင်ထွေး၏ လယ်မြေ၃ဧကတွင် ကျင်းပရာ (က)၊ (ခ)ရပ်ကွက်၊ ညင်းထွေး၊ ကျောက်ထောင့်၊ နတ်တွင်းကျေးရွာအုပ်စုများရှိ လယ်စိုက်တောင်သူများ တက်ရောက်လေ့လာကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ လယ်မြေများတွင် အစေ့ချစိုက်ပျိုးပုံနည်းစနစ်များကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

မြိတ်မြို့ အလက(၆)တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ပြုလုပ်

​တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက  အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။

ဘုတ်ပြင်းမြို့ ၌ ရေယာဉ်မီးငြှိမ်းသတ်ခြင်းနှင့်ရေပြင်အသက်ကယ်ခြင်းဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  ပင်လယ်အတွင်း သွားလာနေသည့် ရေယာဉ်များ ရေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့်ရေယာဉ်များ အရေးပေါ်မီးလောင်မှုဖြစ်ပေါ်လာပါက လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး မီးသတ်ဦးစီးဌာနမှ ရေယာဉ်မီးငြှိမ်းသတ်ခြင်းနှင့်ရေပြင်အသက်ကယ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ဗိုလ်လှဖေတံတားအနီးရှိ ဘုတ်ပြင်းချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး