လောင်းလုံး ဇူလိုင် ၁၀
တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများကယနေ့ နံနက် (၉)နာရီက ထားဝယ်တက္ကသိုလ် Community centre ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ရက်(၁၀၀) စီမံချက်သည် ပြည်သူများ၏ အခြေခံအခွင့်အရေးများ ရရှိစေရေး အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာ ပြည်သူများ၏ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ် ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်သူများအားဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်နှင့်အဖွဲ့ဝင်တို့က လာရောက်ကြည့်ရှုပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးသန့်ရှင်းရွှေနှင့်ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၀၂)ဦးအား နေ့ချင်းအပြီး ပေးအပ်ခဲ့ကြောင်းသိရသည်။
သိန်းသိန်း(လောင်းလုံး)